(၃.၆.၂၀၁၉)ရက်နေ့၊ (၀၃ ၄၅)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ မန်လွယ် ကျေးရွာအုပ်စု၊ အထက်မန်လွယ်ကျေးရွာ၊ ရွာလယ် လမ်းမဘေးနေ ပိုင်ရှင် ဦးဝင်းကျော်၏ (၃၆x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ ပျဉ်ကာအား မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း (၀၄ ၂၆)အချိန် သတင်းရရှိသဖြင့် နမ့်ဆန်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၁၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၅ ၂၅)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၃၆x၁၈) ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး မီးလောင်ခံရပါသည်။ ဆုံးရှုံးမှုတန်ဖိုး ၉၇၂,၀၀ဝိ/- (ကျပ်ကိုးသိန်း ခုနှစ်သောင်းနှစ်ထောင်)ခန့်ဖြစ်ကြောင်းနှင့် နယ်မြေဒေသလုံခြုံရေးအရ နမ့်ဆန်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားခြင်း မရှိပါကြောင်း သတင်းရရှိပါသည်။