ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေ၊ လွယ်အံကျေးရွာအုပ်စု၊ ရန်ကုန်-ရွှေညောင် ကားလမ်း၊ မိုင်တိုင်အမှတ်(၇၇/၁)နှင့် (၇၇/၂)ကြားတွင် ၁၄.၆.၂၀၂၁ ရက်နေ့၊ ၀၆ ၃၀ အချိန်ခန့်က ရန်ကုန်မှ ရွှေညောင်တောင်လေးလုံးရွာရှိ BOC စက်သုံးဆီဆိုင်သို့ ယာဉ်မောင်း ဦးသိန်းအောင် မောင်းနှင်သော Nissan Diesel အမျိုးအစား (၂၂)ဘီး (အဖြူရောင်) ယာဉ်သည် ဒီဇယ် (၉၀၀၀)ဂါလန် တင်ဆောင်မောင်းနှင်စဉ် DENKO စက်သုံးဆီဆိုင်အနီးတွင် ရှေ့ဘီးလေအိတ်ပေါက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း အောင်ပန်းနယ်မြေမီးသတ်စခန်းမှ ၀၆ ၃၅ အချိန် သတင်းရရှိသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦး၊ အရန်(၄)ဦးတို့ဖြင့် ဒီဇယ်ဆီများ အခြားဆီဘောက်ဆာ ယာဉ်သို့ ရွှေ့ပြောင်းရာတွင် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ရေဂါလန် (၈၀၀)ခန့် အသုံးပြုပြီး အအေးပေးပက်ဖျန်းစနစ်ဖြင့် ကူညီရွှေ့ပြောင်းပေးခဲ့ရာ ၁၂ ၃၀ အချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မောင်း ဦးသိန်းအောင် အား ကလောမြို့မရဲစခန်းမှ ယာဉ်(ပ)၃၀/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။