၉.၁.၂၀၂၁ ရက်နေ့၊ ၀၇ ၀၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်လေး (အနောက်)ရပ်ကွက်၊ ၈၈လမ်း၊ SKY 88 Hotel၊ RC(၈)ထပ် အဆောက်အဦတွင် တည်းခိုနေထိုင်သော အမျိုးသမီး(၂)ဦးသည် (၅)လွှာမှ မြေညီထပ်သို့ ဓါတ်လှေကားအသုံးပြု၍ အောက်သို့ဆင်းစဉ် ပထမထပ်နှင့်မြေညီထပ်ကြား၌ လျှပ်စစ်မီးပြတ်တောက်ချိန် (ERD)စနစ်ချို့ယွင်းပြီး ဓါတ်လှေကားအတွင်း ပိတ်မိနေကြောင်း ၀၈ ၁၅အချိန် သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၂)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဓါတ်လှေကားအတွင်း ပိတ်မိနေသူ ဒေါ်ဖြူဇာဝင်း အသက်(၂၅)နှစ်နှင့် ဒေါ်ဟေမာနှင်း အသက်(၂၉)နှစ် မ(၂)ဦးတို့အား ၀၈ ၄၂အချိန်တွင် ကယ်ဆယ်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Recent Comments