၂၅.၁၁.၂၀၂၀ ရက်နေ့၊ ၁၁ ၁၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက် သောက်ကျေးရွာ၊ ဒလ-လက်ခုပ်ကုန်းလမ်း၊ မိုင်တိုင်အမှတ်(၂၁/၁)အနီးတွင် ဒလဘက်မှ လက်ခုပ်ကုန်းဘက်သို့ ယာဉ်မောင်း ဦးရှင်းပအောင် မောင်းနှင်သည့် SUZUKI SWIFT (အဖြူရောင်)ယာဉ်သည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓါတ်တိုင်အား တိုက်မိကာ ဆီပိုက်ပြုတ်ပြီး အင်ဂျင်ပေါ်သို့ ဆီများ ဖိတ်စင်၍ မီးလောင်မှုဖြစ်ပွားကြောင်း ၁၁ ၁၈ အချိန် သတင်းရရှိသဖြင့် ကော့မှူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၂)ဦးတို့ဖြင့် DCP(2kg) မီးသတ်ဆေးဘူး(၃)ဘူးနှင့် ရေဂါလန်(၈၀၀) ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၃၉ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် SUZUKI SWIFT (အဖြူရောင်) ယာဉ်(၁)စီးလုံး မီးလောင်ခံရပြီး ယာဉ်မောင်း ဦးရှင်းပအောင် အား ကော့မှူးမြို့မရဲစခန်းမှ ယာဉ်(ပ) ၄၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။