၁၉.၁၁.၂၀၂၀ ရက်နေ့၊ ၁၉ ၀၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ စေတနာသုခလမ်း၊ အမှတ်(၅၄/ခ)၊ ပိုင်ရှင် ဒေါ်မူမူချို၏ (၂၀x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် TV Safegurd အပူလွန်ကဲ၍ မီးပွားထွက်ရာမှ အနီးရှိ စာအုပ်ပုံသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၉ ၀၈ အချိန်သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ရေသယ်ယာဉ် (၅)စီး၊ အထောက်အကူပြုယာဉ် Lighting Truk (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ သန္ဓေ (၁၁၀)ဦး၊ အရန် (၃၉)ဦးတို့ဖြင့် ရေဂါလန် (၁၅၀၀၀) အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၁၉ ၂၀ အချိန်တွင် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၀x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံးနှင့် အတွင်းပစ္စည်များမီးလောင်ခံရပြီး ပိုင်ရှင် ဒေါ်မူမူချို အား ကမာရွတ်မြို့မရဲစခန်းမှ (ပ)၈၉၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။