၁၈.၁၁.၂၀၂၀ ရက်နေ့၊ ၁၈ ၃၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ မိုင်တိုင်အမှတ် (၅၀/၅)နှင့် (၅၀/၆)ကြား၊ တိုက်ကြီးမှ ဥက္ကံဘက်သို့အသွား  ယာဉ်မောင်း ဦးခင်မောင်လွင် မောင်းနှင်လာသော Nissan အမျိုးအစား (ဖြူ/ပြာ/စိမ်းကြားရောင်) ပရီမီယံဒီဇယ် တင်ဆောင်လာသည့်  ဆီသယ်ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း ၁၈ ၄၂ အချိန် သတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ ဥက္ကံမြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဥက္ကံအရန်မီးသတ်စခန်း၊ ပုလဲအရန်မီးသတ်စခန်းနှင့် နိဗ္ဗာန်ချမ်းသာနာရေးကူညီမှုအသင်းတို့မှ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်၊ ဥက္ကံမြို့နယ်၊ ပုလဲအရန်မီးသတ်စခန်း၊ တိုက်ကြီးမြို့နယ် စည်ပင်သာယာနှင့် နိဗ္ဗာန်ချမ်းသာနာရေးကူညီမှုအသင်းတို့မှ စုစုပေါင်း ရေသယ်ယာဉ် (၉)စီး၊ (တမရ)ရန်ကုန်၊ မြောက်ပိုင်းခရိုင်နှင့် အင်းစိန်မြို့နယ်မီးသတ်စခန်းတို့မှ Foam မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ပုလဲအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ် (၁)စီး၊ ကွပ်ကဲမှုယာဉ် (၂)စီး၊ သန္ဓေ (၁၀၀)ဦးနှင့် အရန် (၆၀)ဦးတို့ဖြင့် Foam ဆေးရည် (၁၉၀)ဂါလန်၊ ရေဂါလန် (၁၀၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၂၀ ၁၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ ဆီသယ်ယာဉ် မီးလောင်မှုကြောင့် ယာဉ်မောင်း ဦးခင်မောင်လွင် (သေဆုံး)၊ (၃၀x ၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁)ထပ်အိမ် (၁)လုံး၊ (၂၅x၃၀)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ် (၁)လုံး၊ (၁၈x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ် (၂)လုံး၊ စုစုပေါင်း (၄)လုံး မီးလောင်ခံရပြီး (၃၀x၄၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁)ထပ် နေအိမ် ပိုင်ရှင် ဒေါ်အေးစိန် နှင့် ဝက် (၃)ကောင်တို့(သေဆုံး)မှုဖြစ်ကြောင်းနှင့်  ယာဉ်မောင်း ဦးခင်မောင်လွင်အား တိုက်ကြီးမြို့မရဲစခန်းမှ ယာဉ် (ပ) ၃၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က)/ ၃၃၇/၂၇၉/၂၈၅ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။