(၃.၆.၂၀၁၉)ရက်နေ့၊ (၀၈ ၂၅)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့် ရပ်ကွက်၊ ဓမ္မစိတ္တာလမ်း၊ အမှတ်(၆၅)နေ ပိုင်ရှင် ဒေါ်ဇင်မာအောင်မှ ငှားရမ်းထားသော အိမ်ငှား ဦးအောင်ကိုမင်း၏ (၁၅x၅၀) ပေ RC(၂)ခန်းတွဲ၊ (၅)ထပ်တိုက်၊ (၄)လွှာ ညာဘက်ခြမ်းတွင် အဲယားကွန်း ဖွင့် ထားရာမှ Safeguard အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း (၀၈ ၃၀)အချိန် သတင်း ရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၁၁)စီး၊ မီးသတ်အထောက်အကူပြုယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၈၁)ဦး၊ အရန်(၁၀)ဦး တို့ဖြင့် ရေဂါလန်(၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၈ ၄၀) အချိန် မီးငြိမ်းပါသည်။ မီးလောင်မှု ကြောင့် Star အဲယားကွန်း(၁)လုံးနှင့် ဝါယာကြိုး အနည်းငယ် မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၆၀,၀၀ဝိ/- (ကျပ်ခြောက်သောင်း)ခန့် ဖြစ်ကြောင်းနှင့် အိမ်ငှား ဦးအောင်ကိုမင်းအား တာမွေမြို့မ ရဲစခန်းမှ (ပ)၈၈၂/၂၀၁၉၊ ပြစ်မှု ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။