(၈.၈.၂၀၁၉)ရက်နေ့၊ (၁၀ ၂၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မှ မရမ်းကုန်း ဘက်သို့ ယာဉ်မောင်း အောင်ကျော်ထူး မောင်းနှင်လာသည့် ယာဉ်အမှတ်(AYY-1M/7866) Baic (အဖြူရောင်) ယာဉ်သည် မောင်းနှင်လာစဉ် ဘတ္ထရီခေါင်း လု(စ်)ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း (၁၀ ၂၃) အချိန် သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ စုစုပေါင်းမီးသတ်ယာဉ်(၄)စီး၊ သန္ဓေ(၁၈)ဦး၊ အရန်(၃)ဦးတို့ဖြင့် DCP(3kg) မီးသတ်ဆေးဘူး(၅)ဘူး၊ DCP(2kg) မီးသတ်ဆေးဘူး(၁)ဘူး၊ ရေဂါလန် (၃၀၀)ခန့်ဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၁၀ ၃၀)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (70W) ဘတ္ထရီအိုး (၁)လုံး၊ ရှေ့ထိုင်ခုံ(၂)လုံး၊ အင်ဂျင်ခန်းနှင့် ရှေ့ဒက်(စ်)ဘုတ်တို့ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၂ဝဝ,ဝဝဝိ/- (ကျပ်နှစ်သိန်း)ခန့်ဖြစ်ကြောင်းနှင့် ယာဉ်မောင်း အောင်ကျော်ထူးအား မရမ်းကုန်းမြို့မရဲစခန်းမှ (ပ)၉၁၃/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။