(၃၀.၁၀.၂၀၁၉)ရက်နေ့၊ (၀၃ ၄၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ကြို့ကုန်းမီးပွိုင့်လမ်းဆုံတွင် ဘုရင့်နောင်မှအင်းစိန်သို့ ယာဉ်မောင်း ဦးကျော်စွာလင်း မောင်းနှင်လာသော ယာဉ်အမှတ် (YGN 7D/9437) နစ်ဆန်း၊ Light Truck (အဖြူရောင်) ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ အနီးရှိ လျှပ်စစ်ဓါတ်တိုင်အား တိုက်မိပြီး တိမ်းမှောက်ရာမှ ယာဉ်မောင်းမှာ ကားခေါင်းအတွင်း ညပ်နေမှုဖြစ်ပွားကြောင်း (၀၃ ၄၅)အချိန် သတင်းရရှိသဖြင့် မြောက်ပိုင်းခရိုင် မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦး၊ အရန်(၃)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးကျော်စွာလင်းတွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့၍ မြတ်ကုသိုလ်လူမှုကူညီရေးအသင်းမှ သူနာတင် ယာဉ်ဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။