(၁၁.၇.၂၀၁၉) ရက်နေ့၊ (၁၅ ၃၅) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကင်းစက်မှု(၁)လမ်းမှ ကမ္ဘာအေးဘုရားလမ်းသို့ ယာဉ်မောင်း ရာဇာလွင် မောင်းနှင်လာသည့် ယာဉ်အမှတ် (5D-7821) Caldina (အနက်ရောင်) ယာဉ်သည် မောင်းနှင်လာစဉ် ရှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ Mazda Car Showroom ရှေ့တွင် ဘတ္ထရီငုတ်ရှော့ဖြစ်ရာမှ ဝါယာကြိုးသို့ မီးကူးစက်၍ မီးလောင်မှုဖြစ်ပွားကြောင်း(၁၅ ၄၁) အချိန်သတင်းရ၍ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၅)ဦးတို့မှ ရေဂါလန်(၂၅၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဘထ္ထရီအိုး(၁)လုံး၊ ဝါယာကြိုး၊ ဘောနက်နှင့် မီးကြီး(၂)လုံး မီးလောင်ခံရပြီး ဆုံးရုံမှုတန်ဖိုး ၂၀၀,၀၀ဝိ/- (ကျပ်နှစ်သိန်းခန့်)ဖြစ်ကြောင်းနှင့် ယာဉ်မောင်း ရာဇာလွင်အား ဗဟန်းမြို့မ ရဲစခန်းမှ (ပ)၁၄၇၇/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။