(၉.၇.၂၀၁၉)ရက်နေ့၊ (၁၅ ၃၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ သထုံလမ်းဘေးတွင် လုံးပတ်(၄)ပေ၊ အမြင့်(၃၀)ပေခန့် ပိတောက်ပင်သည် မိုးရွာမြေပွအမြစ်မခိုင်၍ တင်းနစ်ကွင်းထဲသို့ လဲကျမှုဖြစ်ပွားကြောင်း (၁၆ ၂၅)အချိန်သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ် မီးသတ် စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ (၁၂)ဦးတို့ဖြင့် ကူညီရှင်းလင်း ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။