မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၂ နှင့် (၁၃၉/၃)ကြားတွင် ၁၆.၉.၂၀၂၁ ရက်နေ့၊ ၁၈ ၃၀ အချိန်ခန့်က ယာဉ်မောင်း ဦးဇော်ဝင်း မောင်းနှင်လာသော MGY/3C-5266 FUSO ခဲရောင် နောက်တွဲအမှတ် 2TLB- 3038 (၂၂)ဘီးယာဉ်သည် ဘီးလင်းဘက်မှ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ လမ်းလျှောက်နေသူ ဒေါ်မတ်လှ အား တိုက်မိ၍ လမ်းဘေးရှိ ကျွန်းပင်အား ထပ်မံတိုက်မိပြီး ယာဉ်မောင်း ညှပ်နေကြောင်း ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ ၁၈ ၄၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၀)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၉ ၀၀ အချိန်တွင် ယာဉ်မောင်းအား ကယ်ဆယ် ပြီးစီးကြောင်းနှင့် အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဦးဇော်ဝင်း ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ပီတိနှလုံးသားလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒေါ်မတ်လှ(သေဆုံး)အား နှလုံးသားအလှ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျိုက္ကော် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးဇော်ဝင်းအား ကျိုက္ကော်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။