၂၉.၁၀.၂၀၂၀ ရက်နေ့၊ ၁၅ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်၊ ကန်တော်ဦးဘုန်းကြီးကျောင်းအနီးတွင် ပေ(၄၀၀)ခန့်ရှိ သဘာဝရေကန်အတွင်း လူ(၁)ဦး ရေဆင်းကူးရာမှ ရေနစ်မှုဖြစ်ပွားကြောင်း ၁၅ ၄၀ အချိန်သတင်းရရှိသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ရေနစ်မှုကြောင့် ၁၆၂၀ အချိန်တွင် ရေနစ်သူ မောင်ကျော်သူရကို သေဆုံးလျက် အား ရှာဖွေတွေ့ရှိခဲ့ပြီး ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။