၃.၁၂.၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၄)ရပ်ကွက်၊ စိန်ချယ်လမ်းသွယ်တွင် ပိုင်ရှင် ဦးစိုး (အိမ်ငှား) ဒေါ်မိလှသင်း၏ (၁၅x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်မီးဖိုတွင် ထင်းမီးဖိုနှင့် ထမင်းအိုး တည်ထားရာ မီးများပြီး အနီးရှိလှန်းထားသော အဝတ်စများ မီးစွဲရာမှ မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၀၉ ၀၂ အချိန် သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ (၁၂)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် ရေဂါလန် (၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၂၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၁၅x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ် (၁)လုံးမီးလောင်ခံရပြီး (အိမ်ငှား) ဒေါ်မိလှသင်း အား မုဒုံမြို့မရဲစခန်းမှ (ပ) ၁၆၁၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ – ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။