မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ ချောင်းဆုံအနောက်ပိုင်းရပ်ကွက်၊ ကန်ကျောင်းအောက်လမ်းတွင် ၁၅.၆.၂၀၂၁ ရက်နေ့၊ ၀၆ ၂၈ အချိန်ခန့်က လုံးပတ်(၅)ပေခန့်၊ အမြင့်(၄၀)ပေခန့်ရှိ ပိန္နဲပင်သည် လေပြင်းတိုက်ခတ်မှုကြောင့် လဲကျမှုဖြစ်ပွားကြောင်း ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ ၀၆ ၃၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၀၈ ၄၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိပါကြောင်း သိရသည်။