(၁.၈.၂၀၁၉)ရက်နေ့၊(၁၅ ၄၅)အချိန်ခန့်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ တိုးချဲ့ရပ်ကွက်၊ အပိုင်း(၉)၊ တိုးချဲ့ လမ်းမကြီးပေါ်တွင် လုံးပတ်(၂)ပေခွဲခန့်၊ အရှည်(၃၀)ပေခန့်ရှိ ကျွန်းပင်လဲကျ၍ ကားလမ်းမပေါ် ပိတ်ဆို့ နေကြောင်း (၁၅ ၅၅)အချိန်သတင်းရရှိသဖြင့် ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ (၁၀) ဦးတို့သည် လဲကျသစ်ပင်အား ဖယ်ရှားရှင်းလင်းပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။