(၂၈.၂.၂၀၂၀)ရက်နေ့၊ (၀၄ ၅၅)အချိန်ခန့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအုပ်စု ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၉၀/၃)နှင့် (၉၀/၄)ကြားတွင် မြို့သစ်(၂)ရပ်ကွက်၊ အမှတ်(၄၂)နေ အိမ်ပိုင်ရှင် ဦးမျိုးဦး၏ နေအိမ်တွင်နေထိုင်သည့် အိမ်ငှားဦးတင်ထွန်း(ရာဘာလုပ်ငန်း)၏ (၂၀×၁၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်အပေါ်ထပ်တွင် သွယ်တန်းထားသည့် ဝါယာကြိုးခွေမှရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားကြောင်း (၀၅ ၀၃)အချိန် သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သိမ်ဇရပ် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ် ယာဉ်(၁)စီး၊ မုပ္ပလင်အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦး၊ အရန်(၂၀)ဦးတို့သည် ရေဂါလန် (၇၄၅၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၆ ၀၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၀×၁၅)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ်နှင့် မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၅၂၅ဝဝဝိ/- (ကျပ်ငါးသိန်းနှစ်သောင်းငါးထောင်)ခန့် ဖြစ်ကြောင်းနှင့် အိမ်ငှား ဦးတင်ထွန်း အား သိမ်ဇရပ် နယ်မြေရဲစခန်းမှ (ပ) ၂၃၇/၂၀၂၀၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။