(၂၈.၃.၂၀၂၀)ရက်နေ့၊ (၁၆ ၂၅)အချိန်ခန့်၊ မန္တလေးတိုင်း‌ဒေသကြီး၊ မြစ်သားမြို့နယ်၊ ညောင်ဝန်းကျေးရွာရှိ (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တွင် ဝါယာကြိုး အပူလွန်ကဲရာမှ အနီးရှိမွေ့ယာပေါ်သို့ကျ၍ မီးလောင်မှုဖြစ်ပွားကြောင်း (၁၆ ၃၀)အချိန် သတင်းရရှိသဖြင့် မြစ်သားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၁၆ ၃၇)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၁၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံးမီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၂၅၀,၀၀ဝိ/- (ကျပ်နှစ်သိန်းငါးသောင်း)ခန့် ဖြစ်ပါကြောင်းနှင့် ပိုင်ရှင်အား မြစ်သားမြို့မရဲစခန်းမှ (ပ)၈၆/၂၀၂၀ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။