(၂၈.၂.၂၀၂၀)ရက်နေ့၊ (၀၈ ၀၅)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ လမ်းသွယ်(၁၀)၊ င (၂)လမ်း၊ ထိန်ကုန်းရပ်ကွက်ရှိ ဦးအောင်မျိုးထွန်း ပိုင်ဆိုင်သော “ဒိုင်းမွန်း” ဝါဂွမ်းစက်ရုံ၏ (၂၀×၅၀) ပေ သွပ်မိုး၊ နံကပ်၊ စက်ရုံတွင် ဝါဂွမ်းစက်လည်ပတ်နေစဉ် ဂွမ်းဖက်အတွင်းသံတိုသံစပါဝင်၍ ဒလက်နှင့် ပွတ်တိုက်မိရာမှ မီးပွားလွင့်စင်ပြီး အနီးရှိဝါဂွမ်းများသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း (၀၈ ၀၈) အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၂၃)စီး၊ ရေသယ်ယာဉ်(၇)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၅၀)ဦး၊ အရန်(၁၃၀)ဦးတို့ဖြင့် သွားရောက်၍ ရေဂါလန် (၂၄၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၈ ၂၈)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၀×၅၀) ပေ သွပ်မိုး၊ နံကပ် (၁)ထပ် စက်ရုံအဆောက်အဦ(၁)လုံးမီးလောင်ခံရပြီး ဆုံးရှုံးမှု တန်ဖိုး ၁,၄၅၀,၀၀ဝိ/-(ကျပ်တစ်ဆယ့်လေးသိန်းငါးသောင်း)ခန့်ဖြစ်ကြောင်းနှင့် တရားခံ ဦးအောင်မျိုး(မန်နေဂျာ)အား ပြည်ကြီး တံခွန်မြို့နယ်ရဲစခန်းမှ (ပ)၁၃၄/ ၂၀၂၀၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်း ရရှိပါသည်။