မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်အောင်ကျေးရွာ၊ ပျော်ဘွယ်-နတ်မောက် ကားလမ်းမကြီးဘေး ရန်အောင်ကန်အတွင်းတွင် ၂၂.၁၀.၂၀၂၁ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့်က လုံးပတ်(၁၂)ပေ၊ အမြင့်(၈၀)ပေခန့်ရှိ ကုက္ကိုပင်သည် မြေပျော့၍ အမြစ်ခြေမှလဲကျပြီး ပျော်ဘွယ်-နတ်မောက် ကားလမ်းမကြီးပေါ်တွင် လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ ၀၅ ၀၅ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၅)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၇ ၄၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။