မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံနယ်မြေ၊ တောင်ဘီကျေးရွာအုပ်စု၊ တောင်ဘီကျေးရွာ၊ သရပါဟိုတယ် နောက်ကျောဘက်လမ်းတွင် ၁၈.၉.၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်က လုံးပတ်(၆)ပေပတ်လည်ခန့်၊ အမြင့်(၃၀)ပေခန့်ရှိ ထန်းနောင်းပင်သည် မြေသားပျော့ကာ အမြစ်အခြေမှ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ပုဂံနယ်မြေမီးသတ်စခန်းမှ ၀၉ ၀၅ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၇)ဦး တို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၁ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။