မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မလှိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ပိုင်ရှင် ဉီးကြည်၏ နေအိမ်ဘေးတွင် ၁၇.၉.၂၀၂၁ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်က လုံးပတ် (၂)ပေခန့်ရှိ မန်ကျည်းပင်လဲကျကာ နေအိမ်နောက်တွင် ရပ်ထားသည့် TOWNACE အမျိုးအစား LIGHT TRUCK အဖြူရောင် ယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားကြောင်း မလှိုင်မြို့နယ်မီးသတ်စခန်းမှ ၀၉ ၀၅ အချိန် သတင်းရရှိသဖြင့် သန္ဓေ(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁ ၃၀ အချိန် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် ကားခေါင်းပိုင်း အနည်းငယ်ပိန်ချိုင့်ပြီး ရှေ့လေကာ မှန်ကွဲပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။