မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ မြင်းခြံ-တောင်သာ လမ်းမကြီးပေါ်တွင် ၂၆.၅.၂၀၂၁ ရက်နေ့၊ ၁၃ ၄၅အချိန်ခန့်က ဘောစကိုင်းပင်သည် (MPT)မြန်မာ့ဆက်သွယ်ရေးကြိုးပေါ်သို့ လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း မြင်းခြံမြို့နယ်မီးသတ်စခန်းမှ ၁၃ ၄၇အချိန် သတင်းရရှိသဖြင့် မီးသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၃ ၅၃ အချိန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကြောင်း သိရသည်။