မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၀/၇)နှင့် (၃၅၁/၀)ကြားတွင် ၂၁.၅.၂၀၂၁ ရက်နေ့၊ ၀၅ ၃၀ အချိန်ခန့်က နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကျော်လင်းဦး မောင်းနှင်လာသည့်  CANTAR အမျိုးအစား(၆)ဘီး အဝါရောင်ယာဉ်သည်  မီးသွေးအိတ်(၂၀၀)တင်ဆောင်မောင်းနှင်လာပြီး တရားဝင်လမ်းဖြတ်မှ လမ်းအနောက်ဘက် မန္တလေး-နေပြည်တော်ဘက်ခြမ်းသို့ကွေ့စဉ် လားရာတူ နောက်မှ ယာဉ်မောင်း နေဝင်းအောင် မောင်းနှင်လာသော ISUZU အမျိုးအစား(၆)ဘီး (အဖြူရောင်)ယာဉ်သည် (MFC အစာသွပ်စက်ရုံသို့ တင်ပို့ရန် အမဲသားပိဿာချိန်(၁၈၀၀)ခန့်) တင်ဆောင် မောင်းနှင်လာပြီး CANTARယာဉ်အား နောက်မှဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း စကားအင်းအမြန်လမ်း မီးသတ်စခန်းမှ ၀၅၃၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ စကားအင်းအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ISUZU ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်အား မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူ ISUZU ယာဉ်မောင်း နေဝင်းအောင်အား စကားအင်းအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၄/၂၀၂၁၊ ၂၇၉/၃၃၈ အရ လည်းကောင်း၊ အမြန်လမ်းမကြီးပေါ် တရားမဝင်တက်ရောက်မောင်းနှင်သော CANTAR ယာဉ်မောင်း ကျော်လင်းဦးအား စကားအင်းအမြန်လမ်းရဲစခန်းမှ (ပ)၆/၂၀၂၁၊ အမြန်လမ်းမကြီးဥပဒေပုဒ်မ (၁၈)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါကြောင်းနှင့် ၀၆၃၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သိရသည်။