၁၇.၁.၂၀၂၁ ရက်နေ့၊ ၀၄ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ စက်မှုဇုန်၊ ငုဝါလမ်းရှိ ပိုင်ရှင် ဦးဇော်လင်းဖြိုး၏ (၃၀x၄၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း၊ ဝါကြိတ်လုပ်ငန်းနှင့် ဆီစက်လုပ်ငန်းစက်ရုံတွင် တပ်ဆင်ထား သော လျှပ်စစ်မီးအားထိန်း မိန်းခုံမှ အပူလွန်ကဲ၍ အနီးရှိ ဝါစေ့များအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၄ ၅၀ အချိန် သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြု ယာဉ်(၂)စီး၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ နတ်ကြီးပင်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အောင်ဆန်းကျော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ် ယာဉ်(၁)စီး၊ OK ကုမ္ပဏီမှ ရေသယ်ယာဉ် (၁)စီး၊ စည်ပင်သာယာမှ ရေသယ်ယာဉ်(၁)စီး၊ စက်မှုဇုန်မှ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၅၀)ဦး၊ အရန်(၄၀)ဦးတို့ဖြင့် ရေဂါလန် (၁၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၀၅ ၂၁ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၃၀x၄၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း (၁)လုံး၊ အနီးရှိ “စိုးမိုး”ဆပ်ပြာစက်မှ (၃၀x၂၀)ပေ၊ သွပ်မိုး၊ မြေစိုက် သွပ်အနည်းငယ်နှင့် ထရံမြင့်မိုရ်ပိတ် အနည်းငယ်တို့ မီးလောင်ခံရပြီး ပိုင်ရှင် ဦးဇော်လင်းဖြိုးအား မြင်းခြံမြို့မရဲစခန်းမှ (ပ) ၁၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။