၁၉.၁၁.၂၀၂၀ ရက်နေ့၊ ၁၇ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာရှိ ပိုင်ရှင် ဦးခင်မောင်ဇော်၏ ရေနံချက်ဖို(လိုင်စင်လျှောက်ထားဆဲ)တွင် ရေနံဆီကန်(၁၆x၄x၄)အား ဓါတ်ဆီသံပုံးဖြင့် လောင်းထည်ဆေးရာမှ ကန်နှုတ်ခမ်းအား ပွတ်တိုက်မှုဖြစ်ပြီး မီးပွားထွက်၍ မီးလောင်မှုဖြစ်ပွားကြောင်း ၁၇ ၁၀ အချိန်သတင်းရရှိသဖြင့် ချက်ဖိုအလုပ်သမားများမှ DCP (35)kg မီးသတ်ဆေးဘူး (၃)လုံးဖြင့် ကနဦးငြှိမ်းသတ်ခဲ့ပြီး ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ တံတာဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၂၈)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် Foam အမြှုပ်ဆေးရည် (၂၅)ဂါလန်နှင့် ရေဂါလန် (၃၈၅၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၅၅ အချိန်တွင် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ဓါတ်ဆီ(၁၀)ဂါလန်၊ ဒီဇယ်(၂၅)ဂါလန်နှင့် ဆီထုတ်ပိုက်(၁)ခု မီးလောင်ခံရပြီး ရေနံချက်ဖိုတာဝန်ခံ ကိုတင်လင်းအောင် အား တံတားဦးမြို့မရဲစခန်းမှ (ပ)၁၆၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။