၁၈.၁၁.၂၀၂၀ရက်နေ့၊ ၁၃ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာအုပ်စု၊ ပင်တလည်ကျေးရွာနေ ပိုင်ရှင် ဦးမြင့်အောင်၏ (၂၀x၃၀)ပေ၊ ဝါးကပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နေအိမ်တွင် လျှပ်စစ်မီးထွန်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓေ (၁၅)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် ရေဂါလန် (၁၂၀၀)၊ DCP (3 Kg)(၂) ဘူး အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁၃ ၁၀ အချိန် မီးငြိမ်း ပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ ဝါးကပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ နေအိမ်(၁)လုံးနှင့် အိမ်သုံး မီတာ(၁)လုံး မီးလောင်ခံရပြီး အိမ်ရှင် ဦးမြင့်အောင်အား ကျောက်ဆည်မြို့မရဲစခန်းမှ (ပ)၉၃၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။