(၂၈.၁၁.၂၀၁၉)ရက်နေ့၊ (၁၀ ၂၈)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွှေပေါ်ကျွန်း ကျေးရွာနေ အိမ်ရှင် ဒေါ်တင်ခိုင်၏ (၂၄×၂၀)ပေ၊ နွားတင်းကုတ်အတွင်း လျှပ်စစ်ရေနွေးအိုးတည်ရာမှ အပူ လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း (၁၀ ၃၀)အချိန် သတင်းရရှိသဖြင့် မြစ်သားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ (၁၀ ၄၅)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၄×၂၀)ပေ၊ နွားတင်းကုတ်(၁)လုံး၊ HONDA ဆိုင်ကယ်အပျက်(၁)စီး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၅၆ဝ,ဝဝဝိ/- (ကျပ်ငါးသိန်းခြောက်သောင်း)ခန့် ဖြစ်ကြောင်းနှင့် အိမ်ရှင် ဒေါ်တင်ခိုင်အား မြစ်သားမြို့နယ်မြို့မရဲစခန်းမှ (ပ)၃၄၂/ ၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။