၁၁.၆.၂၀၁၉ ရက်နေ့၊ (၁၀ ၀၄)အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့် ကျေးရွာအုပ်စု၊ မြင်းဦးလှည့်တောင်ရွာကျေးရွာနေ အိမ်ရှင် ဦးကျော်သိန်း၏ (၇x၁၂)ပေ၊ ထန်းရွက်မိုး၊ ထရံကာ၊ မီးဖိုတဲရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်လောင်၊ (၁၀ ၀၅) အချိန် သတင်းရ၊ မလှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေ သယ်ယာဉ်(၂)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၂၄၀၀)ခန့် အသုံးပြု ငြှိမ်းသတ်(၁၀ ၁၂)အချိန် မီးငြိမ်း၊ မီးလောင်မှုကြောင့် (၂၀x၂၃)ပေ၊ သွပ်မိုး၊ ထရံကာ၊ (၂)ထပ်လူနေအိမ်(၁)လုံးနှင့် (၇x၁၂)ပေ၊ ထန်းရွက်မိုး၊ ထရံကာ၊ မီးဖိုတဲ(၁)လုံးတို့ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၂၅,၅၀ဝိ/-(ကျပ်တစ်သိန်းနှစ်သောင်း ငါးထောင့်ငါးရာ) ခန့်ဖြစ်ကြောင်း နှင့် အိမ်ရှင် ဦးကျော်သိန်းအား မလှိုင်မြို့မရဲစခန်းမှ (ပ)၁၅၈/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထား ပါကြောင်း သတင်းရရှိပါသည်။