(၈.၈.၂၀၁၉)ရက်နေ့၊ (၀၈ ၂၀)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ငါ့ပြင်းကျေးရွာအုပ်စု၊ အောင်လံ-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၂/၂)နှင့် (၂၀၂/၃)ကြား၊ ပြည်မြို့နယ်ဘက်မှ အောင်လံမြို့နယ် ဘက်သို့ ယာဉ်မောင်း ဦးမိုးဇော် မောင်းနှင်သည့် ယာဉ်အမှတ်(8L-7289) Light Truck (အဖြူရောင်) ယာဉ်သည် ရှေ့ကားသို့ ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၀၈ ၂၅)အချိန် သတင်းရရှိသဖြင့် ပြလိုနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၄)ဦး၊ အရန်(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် ကျား(၆)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၈)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)တို့အား ပြလိုကျေးရွာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ပြည်မြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးမိုးဇော်အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၁၂/၂၀၁၉၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။