(၁.၈.၂၀၁၉)ရက်နေ့၊ (၂၀ ၀၀)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ထန်ကိုင်း ကျေးရွာအုပ်စု၊ ထန်ကိုင်းကျေးရွာအနီးတွင် ယာဉ်မောင်း ကိုနေထက်လင်း မောင်းနှင်လာသော ယာဉ်အမှတ် (စုံစမ်းဆဲ) Super Custom (ခဲရောင်) ရေနံစိမ်းပီပါ(၅)လုံး တင်ဆောင်လာသောယာဉ်သည် အင်ဂျင်ခန်း အတွင်း ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း (၂၀ ၀၅)အချိန် သတင်းရရှိသဖြင့် မင်းလှမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေ(၉)ဦးတို့ဖြင့် Foam အမြှုပ်ဆေးရည်(၅)ဂါလန်နှင့် ရေဂါလန် (၁၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၂၀ ၃၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် ရေနံစိမ်းပီပါ(၅)လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁,၅၀၀,၀၀ဝိ/- (ကျပ်တစ်ဆယ့်ငါးသိန်း)ခန့်ဖြစ်ကြောင်း သတင်းရရှိပါသည်။