(၉.၇.၂၀၁၉)ရက်နေ့၊ (၁၈ ၁၅)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်စောက် ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာတွင် ချင်းတွင်းမြစ်တိုက်စား၍ ကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း (၁၈ ၁၇)အချိန် သတင်းရရှိသဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ (၁၂)ဦး၊ အရန်(၁၅)ဦးနှင့် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ပြိုကျနေသောကမ်းပါးအား သစ်ကိုင်းများ သဲအိတ်များဖြင့် အသုံးပြု၍ ကမ်းထိန်းနံရံအား ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရ ရှိပါသည်။