(၂၈.၂.၂၀၂၀)ရက်နေ့၊ (၀၁ ၀၈)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ စိုင်ဒိုးကျေးရွာအုပ်စု၊ ရေချမ်းစဉ်ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေ ပိုင်ရှင် ဒေါ်ချော၏ (၁၅×၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တဲ တွင် မီးရှို့မှုဖြစ်ပွားကြောင်း (၀၁ ၁၀)အချိန် သတင်းရရှိသဖြင့် မင်းတုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၂၃)ဦးတို့ဖြင့်သွားရောက်၍ ရေဂါလန်(၃၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၁ ၃၀)အချိန် မီးငြိိမ်းပါသည်။ မီးလောင်မှုကြောင့် (၁၅×၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တဲ(၁)လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅၀,၀၀ဝိ/-(ကျပ်တစ်သိန်းငါးသောင်း)ခန့်ဖြစ်ပြီး မီးရှို့ရခြင်း အကြောင်းရင်း အားစုံစမ်းဆဲဖြစ်ပါကြောင်းနှင့် မီးရှို့သူ(စုံစမ်းဆဲ)အား မင်းတုန်းမြို့မရဲစခန်းမှ (ပ)၁၁/၂၀၂၀၊ ပြစ်မှုပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။