(၇.၈.၂၀၁၉)ရက်နေ့၊ (၂၁ ၃၀)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ညောင်ပင်ရွာအနီးတွင် ဆိုင်ကယ်မောင်း ထွန်းကျော်ဝေ မောင်းနှင်ပြီး ဇော်မင်းထွေး(ခ) ဇော်လင်းထွေး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အမှတ် (ယာယီ-၉၈၉၄) Dayang-125 (အဖြူရောင်)ဆိုင်ကယ်သည် မောင်းနှင်လာစဉ် ရေဆိုးထုတ်မြောင်း ပေါင်းကူးတံတားပေါ်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားဘောင်အားတိုက်မိပြီး ရေမြောင်းထဲသို့ ထိုးကျသွားရာ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ ဇော်မင်းထွေး(ခ) ဇော်လင်းထွေးသည် ရေးဆိုး ထုတ်မြောင်း ဝဲဘက်ရှိ ခြုံပုတ်အနီးမှ ပြန်လည်တက်ရောက်လာနိုင်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကျော်ထွန်းဝေ နှင့် ဆိုင်ကယ်တို့ ရေဆိုးမြောင်းထဲတွင် ပျောက်ဆုံးနေမှုဖြစ်ပွားကြောင်း (၈.၈.၂၀၁၉)ရက်နေ့တွင် (၀၆ ၃၀) အချိန်သတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဆိုင်ကယ်အား ရေဆိုးထုတ်မြောင်း ဝဲဘက်ခြမ်းမှ ပြန်လည်တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ထွန်းကျော်ဝေအား ဆက်လက် ရှာဖွေလျက်ရှိပါကြောင်း သတင်းရရှိပါသည်။