(၁၁.၇.၂၀၁၉)ရက်နေ့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မီးသတ်စခန်းမှ(၄)မိုင်ခန့် ကွာဝေးသည့် ညောင်စောက်ကျေးရွာအုပ်စု၊ ပေါက်တောကြီးကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေ(၁၂)ဦး၊ အရန်(၁၅)ဦးတို့သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရွာသူရွာသားများနှင့်ပူးပေါင်း၍ မြစ်ကမ်းပါး ဆက်လက်ပြိုကျမှုမဖြစ်ပွားစေရေး ဝါးများ၊ သစ်ကိုင်းများ၊ သဲအိတ်များအသုံးပြု၍ ကမ်းထိန်းနံရံ ပြုလုပ်ခြင်းများကို (၀၇ ၄၅) အချိန်မှ (၁၈ ၀၀) အချိန်အထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။