မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ကျေးရွာအနီး၊ နတ်မောက်-ပျော်ဘွယ် ကားလမ်းမ မိုင်တိုင်အမှတ် ၅၆/၂နှင့် ၅၆/၃ ကြားတွင် ၁၇.၉.၂၀၂၁ ရက်နေ့၊ ၀၉ ၁၀ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေကျော်မှုဖြစ်ပွား၍ မန္တလေးမှ မကွေးသို့ ယာဉ်မောင်း ဉီးပြည့်ဖြိုးအောင် မောင်းနှင်လာသော CANTER အမျိုးအစား အဖြူရောင် ယာဉ်သည် ကွမ်းရွက်နှင့် ကုန်စိမ်းများတင်ဆောင်မောင်းနှင်လာရာ လေးအိမ်ကျေးရွာ ချောင်းရေကျော် ထိပ်တွင် ရပ်နား၍ ယာဉ်မောင်းမှ ချောင်းရေအခြေအနေအား ဆင်းကြည့်နေစဉ် ယာဉ်မှာ ဂီယာ ပြုတ်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ ချောင်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း နတ်မောက်မြို့နယ်မီးသတ်စခန်းမှ ၀၉ ၁၅ အချိန် သတင်းရရှိသဖြင့်  အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၈)ဉီး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ ၁၀ အချိန်တွင် လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။