(၁.၈.၂၀၁၉)ရက်နေ့၊ (၀၉ ၅၇)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရာဇမုနိမင်းဘုရားကြီး ကဇာတ်ရုံဝန်းအတွင်း  ယခင် တယ်လီနောတာဝါတိုင်အဟောင်းမှ စုပုံကျန်ရှိသည့် ဖိုက်ဘာပိုက်များနှင့် ကေဘယ်ကြိုးများ မီးလောင်နေကြောင်း(၁၀ ၀၀)အချိန်သတင်းရရှိသဖြင့် ထီးလင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦးတို့ဖြင့် ရေဂါလန် ၈၀၀ ခန့်အသုံးပြု ငြှိမ်းသတ်ခဲ့ရာ (၁၀   ၀၅)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့်  ဖိုက်ဘာပိုက်(၁၀)လုံးခန့်နှင့် ကေဘယ် ကြိုးခွေအဟောင်းများမီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၂၉၀,၀၀ဝိ/- (ကျပ်နှစ်သိန်းကိုးသောင်း)ခန့် ဖြစ်ပါကြောင်းနှင့် မီးလောင်မှုအကြောင်းအရင်းအား စုံစမ်းလျက်ရှိပါကြောင်းနှင့် ထီးလင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။