၂.၁၂.၂၀၂၀ ရက်နေ့၊ ၀၇၅၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၈/၅)နှင့် (၁၂၈/၆)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဝေလင်းအောင် မောင်းနှင်သည့် ယာဉ်အမှတ် ALPHARD အမျိုးအစား(အဖြူရောင်) H-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ပိုင် သူနာတင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ မြေသားလမ်းပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၀၇၅၅ အချိန်သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၈၄၅ အချိန် လုပ်ငန်းများဆောင်ရွက် ပြီးစီးပါသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ယာဉ်မောင်း ဦးဝေလင်းအောင် ပါးစပ်မှသွေးထွက်၊ ဝဲမျက်ခုံးကွဲ၊ သတိလစ် ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ကျန်ကျား(၁)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ကမ်းမဲ့လက်များ နာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးဝေလင်းအောင် အား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၃၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိပါကြောင်း သတင်းရရှိပါသည်။
Recent Comments