၂၀.၁၁.၂၀၂၀ ရက်နေ့၊ ၀၂ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၆/၆) နှင့် (၁၄၆/၇)ကြား၊ ရန်ကုန် မှ နေပြည်တော် သို့ ယာဉ်မောင်း ကိုတင်မွေး မောင်းနှင်သည့် Sojen အမျိုးအစား (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် ယာဉ်မောင်းအိမ်ငိုက်ပြီး ရှေ့လမ်းမဘေးတွင် ရပ်နားထားသော Nissan Diesel အမျိုးအစား (၂၂)ဘီး တွဲကား ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မှုဖြစ်ပွားကြောင်း ၀၂ ၃၅ အချိန် သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၀၄ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် Sojen ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၆)ဦး၊ မ(၅)ဦး စုစုပေါင်း (၁၁)ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါသဖြင့် ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တောင်ငူပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အားရပ်တန့်စဉ် အချက်ပြ မီး ဖွင့်ထားခြင်း မရှိသူ Nissan Diesel တွဲကား ယာဉ်မောင်း ကိုမင်းနိုင်ထွန်းနှင့် ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ Sojen ယာဉ်မောင်း ကိုတင်မွေးတို့အား ဇီးပင်သာအမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ / ၃၃၇ / ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။