၁၈.၁၁.၂၀၂၀ရက်နေ့၊ ၁၄ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၂/၇)နှင့်(၁၃၃/၀)ကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း အောင်ကျော်ဦး မောင်းနှင်လာသည့် Hyundai အပြာရောင် (၂၂)ဘီး တွဲယာဉ်သည် နောက်ဝဲဘက်ဘီးပေါက်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ၁၁၅မိုင်အမြန်လမ်းမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ ရေဂါလန်(၁၆၀၀)အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၂၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါမီးလောင်မှုကြောင့် ယာဉ်၏ နောက်ဘီး(၁၂)ဘီးနှင့် ယာဉ်နောက်ပိုင်းဘော်ဒီများ မီးလောင်ခံခဲ့ရပြီး ယာဉ်မောင်း အောင်ကျော်ဦးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၂၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိ ပါသည်။