ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ၂၈.၇.၂၀၂၁ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာပြီး ပဲခူးမြို့နယ်အတွင်းရှိ ဇိုင်းတောင်ရပ်ကွက်၊ ဖောင်တော် ဦးကွက်သစ်(၅)လမ်း၊ နယ်မြေ(၈)၊ ခိုင်မာလာလမ်း၊ ကုန်းပေါ်ဆန်းလမ်းနှင့် ‌လေးအိမ်စုလမ်းတို့တွင် ရေများဝင်ရောက်နေကြောင်း ပဲခူးခရိုင်မီးသတ်စခန်းမှ ၀၈ ၀၅ အချိန် သတင်းရရှိသဖြင့် ပဲခူးခရိုင်/ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၈)ဦးတို့ဖြင့် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကယ်ဆယ်ရေးစခန်းသို့ ရွေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၁ ၃၀ အချိန်တွင် ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။