၂.၁၂.၂၀၂၀ ရက်နေ့၊ ၁၄ ၀၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးမုန်းခတ် မောင်းနှင်သည့် HIJET အမျိုးအစား(အဖြူရောင်)ယာဉ်အား လားရာတူ နောက်မှ ယာဉ်မောင်း ဦးအောင်ဖေမြင့် မောင်းနှင်သည့် (ခဲရောင်) မွန်မြတ်စေတနာ လူမှုကူညီရေးနှင့်သွေးအလှူရှင်များ အဖွဲ့ပိုင် သူနာတင်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်၍ ဝင်တိုက်မှုဖြစ်ပွားကြောင်း ၁၄ ၀၅ အချိန်သတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၅ ၃၀ အချိန် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့်  HIJET အမျိုးအစား(အဖြူရောင်)ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ ကျား(၃)ဦး၊ မ(၁)ဦး စုစုပေါင်း(၄)ဦးအနက် ဦးဝေ ယာဂျိုစောင်းကွဲ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ (အခင်းဖြစ်ပွားရာသေဆုံး)၊ ကျား(၁)ဉီး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်အမှတ် (ခဲရောင်) သူနာတင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ ကျား(၂)ဦး၊ မ(၁)ဦး၊ ကျားငယ်(၁)ဦး စုစုပေါင်း (၄)ဦးအနက် မ(၁)ဦး၊ ကျားငယ်(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးအောင်ဖေမြင့် အား ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၂၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူထားရှိပါကြောင်း သတင်းရရှိပါသည်။