၂၄.၁.၂၀၂၁ ရက်နေ့၊ ၀၄ ၂၀ အချိန်ခန့်၊ နေပြည်တော်၊ ဒကိ္ခဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၃/၄)နှင့်(၁၉၃/၅) အကြားတွင် ရန်ကုန်မှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ကိုသူမိုး(ခ) ကောင်းဘွိုင် မောင်းနှင်သည့် ကြက်သားပေါက်များတင်ဆောင်လာသော (Canter) အမျိုးအစား (အဖြူ/ခဲရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ လယ်ဝေးမြို့နယ်၊ ရဘိန်းကျေးရွာမှ သက္ကယ်ကျင်းကျေးရွာသို့ ယာဉ်မောင်း သန်းဇော် မောင်းနှင်သည့် ထင်းများတင်ဆောင်လာသော ယာဉ်အမှတ်(မရှိ) Faw အမျိုးအစား (အပြာရောင်)ယာဉ် အား နောက်မှ ဝင်ရောက်တိုက်မိပြီး (Canter) အမျိုးအစား(အဖြူ/ခဲရောင်) ယာဉ်မှ ယာဉ်မောင်းသည် ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း  ၀၄ ၂၅ အချိန် သတင်းရရှိသဖြင့် ပလွေးအမြန်လမ်း မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  ၀၅ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် (Canter) အမျိုးအစား(အဖြူ/ခဲရောင်) ယာဉ်မှ ယာဉ်မောင်း ကျား(၁)ဦးနှင့်  ယာဉ်နောက်လိုက် ကျား(၁)ဦး စုစုပေါင်း ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် 192 အဖွဲ့ပိုင်ယာဉ် နှင့် ကြက်ခြေနီအဖွဲ့ပိုင်ယာဉ်တို့ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ကိုသူမိုး(ခ)ကောင်းဘွိုင် အား ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ- ၃၃၈ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။