(၂၈.၁၁.၂၀၁၉)ရက်နေ့၊ (၁၇ ၄၀)အချိန်ခန့်၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၃/၅)နှင့် (၂၃၃/၆)ကြား၊ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း မျိုးကျော် မောင်းနှင်သည့် ယာဉ်အမှတ် (YGN-4D/9000) PRADO (ခဲရောင်)ယာဉ်သည် ကျား(၃)ဦး တင်ဆောင်ပြီး မောင်းနှင်လာစဉ် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာခြမ်း မြေသားလမ်းပေါ်သို့ တစ်ပတ်လည်ကာ ရပ်တန့်မှုဖြစ်ကြောင်း သတင်းရသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်ရပ်တန့်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)နှင့် ကျား(၁)ဦးဆေးရုံသို့ပို့ဆောင်စဉ်(သေဆုံး)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း မျိုးကျော်အား ဘုရားတောင်အမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၂၅/၂၀၁၉၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-(က)ဖြင့် အမှုဖွင့်အရေးယူ ထားပါကြောင်း သတင်းရရှိပါသည်။