၁၈.၁.၂၀၂၁ ရက်နေ့၊ ၁၄ ၀၀ အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပဥ္စသီမော်ကျေးရွာ၊ ထားဝယ် – ရှင်မော်ကားလမ်းဘေး ပဥ္စသီမော်(အ.မ.က) စာသင်ကျောင်း အနောက်ဘက်ရှိ အိမ်ရှင် ဦးဖေဝင်း၏ (၁၀x၁၅)ပေ၊ ဓနိမိုး၊ ပျဉ်ကာ (၁)ထပ်နေအိမ်တွင် ယာယီမီးကြိုးများအား စနစ်တကျသွယ်တန်းထားခြင်းမရှိသောကြောင့် အပူလွန်ကဲပြီး အနီးရှိ ဓနိဖက်များအား မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်မှုဖြစ်ပွားကြောင်း ၁၄ ၄၂ အချိန် သတင်းရရှိသဖြင့် လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၁၂)ဦးတို့ဖြင့် ရေဂါလန် (၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၅၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် မီးစတင်လောင်သည့် (၁၀x၁၅)ပေ၊ ဓနိမိုး၊ ပျဉ်ကာ၊ (၁)ထပ်နေအိမ် (၁)လုံးနှင့် အနီးရှိ (၂၀x၃၀)ပေ၊ ဓနိမိုး၊ ပျဉ်ကာ၊ (၁)ထပ်နေအိမ်(၁)လုံး မီးကူးစက်ခံရပြီး စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ခံရပြီး အိမ်ရှင် ဦးဖေဝင်း အား လောင်းလုံးမြို့မရဲစခန်းမှ (ပ) ၆/၂၀၂၁ ၊ ရာဇသတ်ကြီးမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။