(၈.၈.၂၀၁၉)ရက်နေ့၊ (၁၃ ၂၅)အချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ပြင်ကြီးကျေးရွာအုပ်စု၊ ဇလွတ်ကျေးရွာ၊ လောင်းလုံ-ရှင်မော်ကားလမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျ၍ ကားလမ်း ပိတ်နေကြောင်း (၁၃ ၃၀)အချိန်သတင်းရရှိသဖြင့် လောင်လုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၅)ဦးတို့ဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။