(၃၀.၁၀.၂၀၁၉)ရက်နေ့၊ (၁၉ ၁၅)အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ပိုင်ရှင် ဦးစည်သူ၏ (၃၀×၆၀)ပေ၊ သွပ်မိုး၊ နံကပ်၊ ကွန်ကရစ်ခင်း ဂျပ်ဖာဂိုဒေါင်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း (၁၉ ၂၈)အချိန်သတင်းရရှိသဖြင့် ရွှေဘိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၄၀)ဦးတို့ဖြင့် ရေဂါလန်(၁၂၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၂၀ ၂၅)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၃၀×၆၀)ပေ၊ သွပ်မိုး၊ နံကပ်၊ ကွန်ကရစ်ခင်း ဂျပ်ဖာဂိုဒေါင်(၁)လုံး မီးလောင်ခံခဲ့ ရပြီး ဆုံးရှုံးမှုတန်ဖိုး ၁,၃၀၀,၀၀ဝိ/- (ကျပ်တစ်ဆယ့်သုံးသိန်း)ခန့်ဖြစ်ပါကြောင်းနှင့် ပိုင်ရှင် ဦးစည်သူအား ရွှေဘိုမြို့နယ်ရဲစခန်းမှ (ပ)၉၃၂/၂၀၁၉ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်း ရရှိပါသည်။