(၁၁.၇.၂၀၁၉) ရက်နေ့၊ (၁၀ ၀၀) အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်း၊ မိုင်တိုင် အမှတ် (၆၅/၂)နှင့်(၆၅/၃)အကြား မြိုင်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စောဆက်စံ မောင်းနှင်လာသည့် ယာဉ်အမှတ် (2H-8693) YUTONG (ပန်းရောင်) ရွှေမန်းသူ ခရီးသည်တင်မှန်လုံယာဉ်နှင့် မြင်းမူဘက်မှ မုံရွာဘက်သို့  ယာဉ်မောင်း သန့်ဇင်ဖြိုးမောင်းနှင်လာသည့် ယာဉ်အမှတ်(7J-1648) Hijet (အဖြူရောင်)ယာဉ်တို့ လမ်းလယ်ကြောတွင် မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားကြောင်း (၁၀ ၀၅) အချိန်သတင်းရ၍ ချောင်းဦးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ အခင်းဖြစ်နေရာသို့ထွက်ခွာ၊ အဆိုပါယာဉ်တိုက်မှုကြောင့် Hijet ယာဉ် ပေါ်ပါ ကျား(၁)ဦးနှင့် မ(၂)ဦး သေဆုံး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း (၂)ဦးအား ချောင်းဦးမြို့မ ရဲစခန်းမှ (ပ) စုံစမ်းဆဲဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။