၂၉.၁၀.၂၀၂၀ ရက်နေ့၊ ၁၇ ၃၅ အချိန်၊ စစ်ကိုင်းတိုင်ဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ  (၁၆x၁၆) ရုံးရွက်မိုး၊ ကပ်ကာ၊ ပျဉ်းခင်း(၁)ထပ် နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၇ ၃၈ အချိန် သတင်းရရှိသဖြင့် ခန္တီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဆင်သေနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၃၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၈ ၀၄ အချိန်တွင် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၁၆x၁၆) ရုံးရွက်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၁)လုံး၊ (၂၄x၁၆) သွပ်မိုး၊ ကပ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ခံရပြီး  ခန္တီးမြို့မရဲစခန်းမှ (ပ)၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။