၃၀.၁၀.၂၀၁၉ရက်နေ့၊ ၁၇:၃၀ အချိန်ခန့်တွင် ကော့ကရိတ်မှ မြဝတီဘက်သို့ ပြောင်းဆံများတင်ဆောင်ပြီး မောင်းနှင်လာသော ယာဥ်အမှတ် 5D/9069 CAMC အမျိုးအစား အဖြူရောင် ၂၂ဘီးကားသည် မိုင်တိုင်အမှတ် ၁၆၀-၁၆၁ ကြားတွင် တိမ်းမှောက်ပြီး လူ(၁)ဦးညပ်နေကြောင်း သတင်းရသဖြင့် မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်(၁)စီး (ရှာကယ်ပစ္စည်းပါ)ဒုမီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်-မြို့သစ် လူမှုကူညီရေးအဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့ဝင်များမှ သွားရောက်ကူညီ(၁၇:၅၀) အချိန်ခန့်တွင် ကားအတွင်းညပ်နေသူအား ကယ်ထုတ်နိုင်ပြီးသင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးယာဥ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့